DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၅-၂၀၂၅:  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် 

မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၈--၂၀၂၀ ရက်နေ့ ထုတ်ပြန်သည်)

   ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့ တို့တွင် ပေဝက်မှ ၁-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။  

  ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင်ပေဝက်ခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလ  ပထမ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်