DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၅-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့(Dhaka)၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများ ကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက် (၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း တစ်ဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

Earthquake Disaster

Hamawari-8
ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်
မြစ်ရေကြီးမှု ဖြစ်ပေါ်နိုင်သော ကာလ မိုးတွင်းကာလ ဇွန်လ မှ အောက်တိုဘာလအတွင်း မြစ်ရေ ကြီးမှု ဖြစ်ပေါ်လေ့ရှိပြီး၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အဖြစ်များသည်။   မြစ်ရေကြီးခြင်း မိုးတွင်းကာလ၌...
မိုးလေဝသဆိုင်ရာဘေးအန္တရာယ်
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ ရှိပါသည်။ မုတ်သုံလေ ရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင်...
ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်
ဆူနာမီဆိုသည်မှာကမ်းခြေကိုရိုက်ခတ်သည့် ကြီးမားသောရေလှိုင်းကြီးများဟု အဓိပ္ပါယ်ရပါသည်။ ဆူနာမီရေလှိုင်းသဘာဝ ပထမဆုံးရောက်ရှိလာသော ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်လေ့မရှိပါ။ စတုတ္ထမြောက်ရေလှိုင်းသည်...